နမ့်ဆန် ဧပြီ ၂၆
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် တိုင်းရင်းသားရိုးရာဓလေ့၊ ယဉ်ကျေးမှုများအား အများပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပြတိုက်ငယ် (Mini Museum)ကို ခင်းကျင်းပြသလျက်ရှိရာ အဆိုပါ ပြတိုက်ငယ် (Mini Museum)သို့ လူငယ်လူရွယ်များ လာရောက်လေ့လာ ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြတိုက်ငယ် (Mini Museum) တွင် ဒေသထွက်ကုန်ပစ္စည်းများ၊ ဒေသတွင်း နေထိုင်ကြကုန်သော တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများ၊ ယဉ်ကျေးမှုများနှင့် ရှေးခေတ်အဆက်ဆက်မှ စော်ဘွားများ အုပ်ချုပ်ချိန်ခါက အထင်ကရ နေရာပုံရိပ်များ၊ ဒေသအလိုက် ထူးချွန်ထင်ရှား ကျော်ကြားသည့် ပုဂ္ဂိုလ်များနှင့် ရဟန်းများ၏ အတ္ထုပတ္တိများ၊ ဒေသအလိုက် သမိုင်းကြောင်း အချက်အလက်များ၊ တိုင်းရင်းသားရိုးရာဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်း (၁၇)မျိုးတို့အား ခင်းကျင်းပြသထားပြီး လာရောက်ကြည့်ရှုသူများအနေဖြင့် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ ဖွင့်လှစ်ထားလျက်ရှိရာ လူငယ်လူရွယ်များ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု လေ့လာလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)