ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (Community Centre) ခန်းမ၌ “ကဆုန်လ​​​​​ပြည့်ဗုဒ္ဓနေ့အကြောင်း သိကောင်းစရာ” အသိပညာပေး Talk Show ကျင်းပ

ဒဂုံမြောက် ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံသစ်(မြောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌  ကဆုန်လပြည့်နေ့အကြောင်း သိ​​ကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေး Talk Show အစီအစဉ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနနှင့် မြို့နယ်စာ​ရေးဆရာအသင်းတို့မှ ပူးပေါင်း၍ဆောင်ရွက်ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ညိမ်းညိမ်းအိမှဗုဒ္ဓဘာသာတို့၏နေ့ထူးနေ့မြတ်ဖြစ်‌သော “ကဆုန်လပြည့်ဗုဒ္ဓနေ့” ဖြစ်ပေါ်လာပုံနှင့် ကဆုန်ညောင်ရေသွန်းပွဲ အကြောင်းကိုမေးမြန်းခဲ့ရာ စာရေးဆရာမ မနွယ်(ကလော)မှ“ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန်လကဆုန်”အကြောင်းနှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရ သည်။

အဆိုပါ အသိပညာ​ပေး Talk Show အစီအစဥ်များကို Online မှ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love North Dagon Facebook Page များတွင် လွှင့်တင်‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေခြည်သွေး(ပြန်/ဆက်)