အပူဒဏ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကျင်းပ

ချမ်းအေးသာစံ ဧပြီ ၂၆

အပူဒဏ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပသည်။

ယင်းအသိပညာပေး ဟောပြောပွဲတွင် ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က အပူဒဏ်ကြိုတင် ကာကွယ်ရေးနည်းလမ်းများ၊ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များစသဖြင့် အပူဒဏ်ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ဟောပြောခဲ့သည်။

ထို့နောက် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူ ၃၀ ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်