လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အပူဒဏ်ကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်

လယ်ဝေး ဧပြီ ၂၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် ဒုတိယဦးစီးမှူး ဒေါ်ခင်ဝင်းမွန်နှင့် မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာနမှ ဆေးခန်းမှူး ဒေါ်နန်းမွန်အေးတို့က အပူဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် လက္ခဏာများအကြောင်း၊ အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ကြိုတင်သတိထား နေထိုင်စားသောက်ရန် အလေးထားလိုက်နာရမည့် အချက်များစသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့သည်။

လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေးအစီအစဥ်များအား Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိရာ ယမန်နေ့တွင် ကျင်းပသည့် Talk Show အစီအစဥ်ကိုလည်း We Love Leiway Page တွင် ထုတ်လွှင့်တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

ထိုက်ထိုက်(ပြန်/ဆက်)