အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် ဧပြီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။

ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်နှင့် အင်းစိန်မြို့နယ်၊ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ရှိန်းမင်းထက်တို့က မီးဘေးလုံခြုံရေးဆိုင်ရာများ၊ လေဘေးဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်အချက်များ၊ ရေဘေးဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူ့အကျိုးပြု ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး သိကောင်းစရာများကို ပြည့်စုံစွာဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို