ဒဂုံအရှေ့ ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာဦးစီးဌာနမှ ကျင်းပခဲ့သော နှစ်ဆုံးစာမေးပွဲအောင်စာရင်းများကို မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများတွင်ကပ်နှံ၍ ယမန့်နေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါစာမေးပွဲအောင်စာရင်းကို Grade-1 မှ Grade-11 အထိ စနစ်သစ်အတန်းများအားလုံး ထုတ်ပြန်ခဲ့ရာ မိဘ၊ ကျောင်းသား၊ ကျောင်းသူများက လာရောက်ကြည့်ရှုကာ စည်းကားလျက်ရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၉၉.၉၉) ရာခိုင်နှုန်းအောင်မြင်ကြောင်း လာရောက်ကြည့်ရူသူများ အဆင်ပြေမှုရှိစေရန် သက်ဆိုင်ရာအခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများက ကြီးကြပ်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် အခြေခံပညာကျောင်း (၃၃) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၂) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၃) ကျောင်း စုစုပေါင်း (၄၈) ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။
ဇွဲမင်းထက်