ညောင်လေးပင် ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့ညနေ ၄ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရုံးရှေ့၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာအုပ်စု၊ တော်ဝိကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ပျက်စီးသွားသော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်၊ လူဦးရေ (၇) ဦးအတွက် ဆန်၊ ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၄၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်