ညောင်ဦးမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကူတောကျေးရွာသို့ သောက်သုံးရေ ၅၀၀၀ ဂါလံ လှူဒါန်း

ညောင်ဦး ဧပြီ ၂၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျှက်ရှိသော ကျေးရွာများသို့ သောက်သုံးရေလှူဒါန်းလျှက်ရှိရာ ဧပြီ ၂၈ ရက်၊ နံနက် ၉ နာရီခွဲအချိန်က ကူတောကျေးရွာသို့ သောက်သုံးရေ ၅၀၀၀ ဂါလံလှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညီညီဦးထံက သိရသည်။

ထိုသို့ သောက်သုံးရေသွားရောက်လှူဒါန်းခဲ့ရာ ညောင်ဦးမြို့နယ် ကူတောကျေးရွာအုပ်စု၊ ကူတောကျေးရွာ အိမ်ခြေ ၅၅၁၊ အိမ်ထောင်စု ၅၅၁၊ လူဦးရေ ၂၅၀၃ ဦးအတွက် သောက်သုံးရေဂါလံ ၅၀၀၀အား ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရပြီး ဆက်လက် လှူဒါန်းသွားဖို့ရှိကြောင်းလည်း ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများထံက သိရသည်။

ဒီပါလင်း