ကမာရွတ် ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ အခြေခံပညာဦးစီးဌာနမှကျင်းပခဲ့သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျောင်းများတွင်ကပ်နှံထားရှိရာ ကျောင်းသားကျောင်း သူများနှင့် ကျောင်းသားမိဘများ စာမေးပွဲအောင်စာရင်း လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲအောင်စာရင်းများမှာ Grade-1မှ Grade-11အထိ စနစ်သစ်အတန်းများ အားလုံး၏ အောင်စာရင်းများ ကပ်နှံ ထားခြင်းဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ရာနှုန်းပြည့်အောင်မြင်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိပါသည်။
စိမ်းလဲ့