ခိုလမ်မြို့ မေတ္တာဂေဟာကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းဆောင်ရွက်

ခိုလမ် မေ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်း (၃) နာရီအချိန်တွင် မေတ္တာဂေဟာ ကျောင်း၌  စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အားစာဖတ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဖြူဖြူသော်မှ စာဖတ်ခြင်းမှရရှိသော အကျိုးကျေးဇူးများ၊ အသိပညာဗဟုသုတ ဆိုင်ရာအကြောင်းအရာများကို ဟောပြောခဲ့ပြီး စာအုပ်ပြပွဲကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဟောပြောပွဲတက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)