တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်နှင့်စာဖတ်ခြင်း ဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်

တောင်ဥက္ကလာပ မေ  ၅

ရန်ကုန်တိုင်းဒေသကြီး၊‌ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌  ယနေ့ နံနက်(၁၀) နာရီအချိန်က လူငယ်နှင့်စာဖတ်ခြင်း ဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။

ဆွေးနွေးပွဲ(Talk Show)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ဝင်းထက်ထက်အောင်နှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင် စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)တို့မှ ယနေ့လူငယ်လူရွယ်များ စာတတ်သူတိုင်းစာဖတ်ရေး၊ စာပေအသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ စာပေဖတ်ရှုမှု အားကောင်းပြီး လမ်းမှန်ပေါ်လျှောက်လှမ်းနိုင်ရန်၊ စာ‌ပေ‌များမှ မှန်ကန်‌သော အသိတရား၊ မှန်ကန်သော ဆုံးဖြတ်ချက်များ ရရှိစေရန်အတွက် အသိပညာ‌ပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ ပူးပေါင်းပြီး လူငယ်များ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။                           

ခင်ဆွေနှင်း(ပြန်/ဆက်)