ညောင်တုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး  နံရံကပ်စာစောင်ပြသ

ညောင်တုန်း မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်သတိပြု ကာကွယ်နိုင်စေရန်အတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ မုန်တိုင်းဘေး သတိပေးစနစ်တွင်ပါရှိသည့်  အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ သဘာဝဘေးသတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ ဘာဝဘေးဖြစ်ပေါ်နေစဉ် ဆောင်ရွက်ရမည့်အချက်များနှင့် ဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များစသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးအကြောင်းအရာများ၊ အပူဒဏ်အန္တရာယ်နှင့် ကျန်းမာရေးပြဿနာများအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များ၊ အပူချိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များနှင့် ဆောင်ရန်ရှောင်ရန်များ စသည့် အသိပညာပေး အကြောင်းအရာများပါဝင်သော နံရံကပ်ပြဘုတ်အား အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ပြသဆောင်ရွက်ထား‌ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။

ထက်ဝေဖြိုး(ပြန်ဆက်)