မိုင်းတုံ မေ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် ယနေ့နံနက် ၁၁း၃ဝ နာရီအချိန်က မိုင်းဆတ်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲတွင် မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီးနောက် မိုင်းဆတ်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာရွှေက ငလျင်ဖြစ်ပေါ်ရခြင်း၏ အကြောင်းအရင်း၊ ငလျင်သံသယဖြစ်လျင် ဆောင်ရွက်ရမည့်အကြောင်း၊ ငလျင်ဘေး အန္တရာယ်နှင့်ကြုံတွေ့ပါက ဆောင်ရွက်ရမည့်အချက်များ၊ ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရမည့်အချက်များနှင့် ပတ်သက်၍အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် Talk Show ဆွေးနွေးပွဲကို ပြည်သူများ ဗဟုသုတရရှိစေရေး၊ ဖြစ်ပေါ်လာပါကမည်သို့ ဆောင်ရွက်ရမည်ကို ကြိုတင်ပြင်ဆင်နိုင်ရေးနှင့် ကြည့်ရှုလေ့လာမှတ်သားနိုင်စေရေးအတွက် Online မှတဆင့်စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေးလျက်ရှိသောကြောင့် ငလျင်ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးTalk Show ကို We Love Mong Tong Facebook Page တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)