ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre )၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ဗဟန်း မေ ၅

နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်နှင့် စာဖတ်စွမ်းရည်များ တိုးတက် မြင့်မားလာစေရန်အတွက်  စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့၊ ညနေ ၃ နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြု ဗဟိုဌာန (Community Centre) ရှိ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရန်ကုန်အနောက်ပိုင် ခရိုင်မှူးက  ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ၏ အမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်ပြည်သူ့စာကြည့်တိုက်မှ စာဖတ်ပရိသတ်လူငယ်(၁၀)ဦးတို့က “တိရစ္ဆာန် ကလေးများ၏သဘာဝ”စာအုပ်ဖြင့် စာဖတ်စွမ်းရည်တို့ကို ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ခရိုင်မှူးနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စန္ဒာမိုး