လောင်းလုံးမြို့၌ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ သဘာဝဘေအန္တရာယ်ဆိုင်အသိပညာပေး နံရံကပ်စာစောင်များပြသဆောင်ရွက်

လောင်းလုံး မေ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေး အန္တရာယ်နှင့်ပတ်သက်၍ သဘာဝဘေအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်များပြသ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွှဲ (၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသ ဆောင်ရွက်ခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်တွင်အများပြည်သူတို့ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပြည်သူများအား ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းဘေး အန္တရာယ်၏ နောက်ဆက်တွဲဘေးအန္တရာယ်များဖြစ်သော ရေဘေး၊ မြေပြိုဘေး၊ လေပြင်းဘေးနှင့် မုန်တိုင်းဘေးစသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ ပါဝင်သည့် (မုန်တိုင်းဘေး၊ လေပြင်းဘေးနှင် မိုးကြိုးဘေး)စသော အကြောင်းအရာများပါဝင်ခဲ့သည်။

လောင်းလုံးမြို့သည် ပင်လယ်နှင့်နီးသောမြို့ဖြစ်သည်နှင့်အမျှ ရေကြီးခြင်း၊  မြေပြိုခြင်းများဖြစ်ပေါ်လေ့ရှိသည့်အတွက် ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရန်နှင့်ဆောင်ရန်၊ ရှောင်ရန်အတွက်ရည်ရွယ်၍ နံရံကပ်စာစောင်များ ပြသဆောင်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)