နယ်ရုံးများ၏သတင်းများ

Mar 10,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀:၀၀နာရီအချိန်က စာရေးဆရာ​​​ဒေါက်တာမြင့်လွင်(စိတ်ပညာ)ရေးသားသည့် “အ​ပြောင်းအလဲနှင့်ပုံ​သေစိတ်အစွဲ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 10,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ နွေရာသီကျောင်းပိတ်ကာလအတွင်း လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့်
Mar 10,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် Basic English Grammar and Speaking နွေရာသီသင်တန်း (၁/၂၀၂၃)ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ Community Centre တွင် ယနေ့နံနက် ၁၀ နာရီခွဲက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Mar 10,2023
ကျောင်းသားလူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုကောင်းစွာ အသုံးချတတ်‌စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနm (Community Centre) ကွန်ပျုတာသင်တန်းခန်းမတွင် အခြေခံကွန်ပျုတာသင်တန်း(အခမဲ့) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 10,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိစေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အထွေထွေ ဗဟုသုတများကို မျှဝေသုံးစွဲတတ်စေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှါးရမ်းပေးခြင်းကို မတ်လ ၁၀ ရက်နေ့၊ နေ့လည် ၁၁ နာရီခွဲအချိန်က လိပ်သိုမြို့ အမှတ်(၂)ရပ်ကွက်ရှိ စာဖတ်သူများထံသို့ ကွင်းဆင်းသွားရောက် ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။
Mar 10,2023
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက် ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် (၉)နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Mar 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်ခဲ့သည်။