နယ်ရုံးများ၏သတင်းများ

May 12,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ယနေ့နံနက်၈နာရီအချိန်က မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ​ပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်လက်တွေ့ သရုပ်ပြဟောပြောခြင်းများကို မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီး ဌာန၊ မြို့ နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 12,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ် နိုင်စေရန်အတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့သွားရောက်၍ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
May 12,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန် ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 12,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးနှင့် သတိပြုရမည့် အပူဒဏ်အန္တရာယ်များကို မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့က ပြသထားကြောင်း သိရသည်။
May 12,2023
မကွေးတိုင်းဒေသ​ကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် မေလ ၁၀ ရက်နေ့ ညနေပိုင်းက စာရေးဆရာ ဝတ်ရည်ခင်(ပဲခူး)ရေးသားသည့် "မြန်မာ့မေတ္တာစွမ်းကမ္ဘာကို လွှမ်းစေရမည်နှင့် ကလေးဝတ္ထုတိုများ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
May 12,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ်နှင့် အခြားသဘာဝဘေး အန္တရာယ်များအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ကြိုတင်ပြင်ဆင်မှု ပြုလုပ်နိုင်ကြစေရန်ရည်ရွယ်၍ မုန်တိုင်းအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show) ပွဲအစီအစဉ်ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
May 11,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
May 11,2023
မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးပြသခြင်းကို မေလ ၁၁ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။