မိုင်းငေါ့ မေ ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က စာပေချစ်မြတ်နိုးသူ လူငယ်အသင်း (Youth Club)ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့ဝင် နန်းမွန်းအောင်က ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၅)မှ စာရေးသူ ညွန့်ဝင်း(နတ်တလင်း)၏ “ကန်စွန်းဥမှ ရရှိနိုင်သည့် အာဟာရဆေးဖက်ဝင်အကျိုးကျေးဇူးများ”ခေါင်းစဉ်ဖြင့် ကျန်းမားရေးအသိပညာပေးဆောင်းပါးအား ဦးဆောင်ဆွေးနွေးခဲ့ပြီး (Youth Club) အဖွဲ့ဝင်များဖြစ်ကြသော နန်းဟေမာန်ဦး၊ နန်းမွှေးစိန်နှင့် မလဲ့လဲ့ဦးတို့က အပြန်အလှန်ပါဝင် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ အဆိုပါ အသိပညာပေးဆွေးနွေးပွဲများကို စာပေဝါသနာရှင်များ၊ Club အသင်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့၊ ပြန်/ဆက်)