နယ်ရုံးများ၏သတင်းများ

May 12,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးချက်များကို ယမန်နေ့ညနေ ၅ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များအတွင်း၌ လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
May 12,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ပါသည်။
May 12,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း(Book Club)(Youth Club)တို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ)ရေးသားသည့် “လူငယ်နှင့်ဇွဲ“စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
May 12,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၌  မိုးကြိုကာလတွင်ဖြစ်တတ်သော မုန်တိုင်းအန္တရာယ်၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့် ပြည်သူများမှ သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိရှိကြစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် အသိပညာပေး အကြောင်းအရာများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး‌ရှေ့ နံရံကပ်ပြဘုတ်တွင် ယမန်နေ့က ပြည်သူများအား အသိပညာပေး ပြသခဲ့သည်။
May 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးခန်းတွင် ယနေ့ မွန်းလွှဲ(၁)နာရီအချိန်က မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကိုကျင်းပခဲ့သည်။
May 12,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန တို့ ပူးပေါင်းပြီး ယမန်နေ့နံနက်(၁၀)နာရီက သဘာဝဘေးမုန်တိုင်း အန္တရာယ်ကာကွယ်ရေး  အသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့သည်။
May 12,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့တို့ ပူး ပေါင်း၍( Community Centre)ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေးစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန် ရည်ရွယ်၍ စာရေးဆရာအောင်ကိုဦး ရေးသားသည့် မြန်မာလူငယ်တွေ ဘာကြောင့်မအောင်မြင်တာလဲစာအုပ်ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 12,2023
တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့နံနက် ၁၁ နာရီက  ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။