သန်လျင်မြို့နယ် သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေး

သန်လျင် မေ ၁၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံး(သန်လျင်) လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယမန်နေ့နံနက် ၁၀ နာရီက သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြီး ဓာတ်ပုံ(၂)ဦးသန်းဝင်းက လတ်တလောဖြစ်ပေါ်နေသော မုန်တိုင်းအခြေအနေ၊ ကြိုတင်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ၊ ပြည်သူများ သိရှိလိုက်နာရမည့်အချက်များအား ဆွေးနွေးသည်။ ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက မုန်တိုင်းဖြစ်နေချိန်၊ မုန်တိုင်းဖြစ်ပြီးချိန်များတွင် အဆင့်လိုက် ဆောင်ရွက်ရမည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)