မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မုန်တိုင်းဘေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

မြစ်သား မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွှဲ (၃) နာရီက မုန်တိုင်းဘေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show အစီအစဥ်တွင် မြစ်သားမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မင်းကျော်တို့က မုန်တိုင်းအတွက်  ကြိုတင်ပြင်ဆင်ရန်များ၊ ပေါ့ပါးပြီး  ရေစိုခံကာ သယ်ယူရလွယ်ကူသောအိတ်ဖြင့်  ရေနှင့်ဓာတ်ဆားများ၊ ကြာရှည်ခံအစားအစာများ၊ အဝတ်အစား၊ ဘက်ထရီအပြည့်ရှိသည့် ဖုန်းနှင့်ရေဒီယို၊ လက်နှိပ်ဓာတ်မီး၊ မီးအိမ်၊ ဓာတ်ခဲအပိုများနှင့် အရေးကြီးစာရွက်စာတမ်းများ အစရှိသည်တို့ကို အဆင့်သင့် ကြိုတင်ပြင်ဆင်ထားရန်၊ မုန်တိုင်းများ၏အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန်  အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းများအကြောင်း၊ အရောင်ဖြင့် သတိပေးစနစ်ပြောင်းလဲမှုဖြစ်စဥ်များကို အထူးသတိထားစောင့်ကြည့်ရန်၊ မုန်တိုင်းဖြစ်ပွားလာပါက လိုက်နာရမည့် အချက်များ လက်ရှိဖြစ်ပေါ်နေသော သဘာဝဘေးနှင့်ပတ်သက်၍ ကောလဟာလသတင်းများကို မယုံစားဘဲ တရားဝင်ထုတ်ပြန်သည့် သတင်းများကိုသာ အလေးထားနားထောင်မှတ်သားရန် လိုအပ်ကြောင်းနှင့် မိမိတို့၏မီးသတ်ဦးစီးဌာနအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တပြေးညီ အလျင်မြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့များဖြင့် စုဖွဲ့လေ့ကျင့်ဆောင်ရွက်မှုများနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ အဆင့်သင့်စုဆောင်းထားရှိမှုများကို ‌‌‌ဒေသခံပြည်သူများသိရှိစေရန် အကျယ်တဝင့်ရှင်းလင်ကာ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲနိုင်ဦး(မြစ်သား