နယ်ရုံးများ၏သတင်းများ

May 11,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး‌ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကလေးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မီးခိုးမြူငွေ့ဆိုင်ရာအကြောင်း သိကောင်းစရာများ Talk Show ကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန,(Community center) ၌ ကျင်းပခဲ့သည်။
May 10,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှေ့ မြေစိုက်နံရံကပ် ပြဘုတ်တွင် ယနေ့နံနက် ၉ နာရီအချိန်က မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသထားကြောင်း သိရသည်။
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရုံး၌ ယနေ့နံနက် (၁၁) နာရီအချိန်က သဘာဝဘေးအန္တရာယ်များကို ကြိုတင်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်​စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်အကြောင်းခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကျင်းပခဲ့သည်။
May 10,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနနှင့် Women Club၊ Youth Club Book Club အသင်းနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ ဆေးလိပ်၊ဆေးရွက်ကြီးနှင့် ၊ကွမ်းစားခြင်း၏ ဆိုးကျိုးများ မူးယစ်အသိပညာ​ပေး နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 10,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က ကျင်းပခဲ့​ပါသည်။
May 10,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၃ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ်” အဖြစ် အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များအတွက် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
May 10,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်‌ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။