ရွှေပြည်သာ မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုများ ရရှိတိုးပွားစေရန် Online မှတဆင့် ပုံပြင်များ၊ ကဗျာများ၊ စာအုပ်မိတ်ဆက်ခြင်းများ၊ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ(၃)နာရီက ပြည်သူများ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးနှင့် စာရေးဆရာ ဝင်းနွယ်(ပုသိမ်)တို့က သဘာဝဘေးအန္တရာယ် မဖြစ်ပေါ်ခင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များ၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်ရမည့် ဆောင်ရန်ရှောင်ရန်များ၊ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပါက လုပ်ဆောင်ရမည့် ကိစ္စများအား အသိပညာပေး ဆွေးနွေးကြောင်း သိရသည်။
နေမျိုးထွန်း