နယ်ရုံးများ၏သတင်းများ

Jun 06,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ မနက်  ၈  နာရီအချိန်က  မိုင်းကိုင်မြို့၏အရှေ့ဘက် ဖောင်းမိန်းကျေးရွာသွားလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးမောင်တင်ဦးနှင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးခွန်ဖုန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်လုပ်သားပြည်သူများ တက်ရောက်ခဲ့ကြသည်။
Jun 05,2025
ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းခရိုင်၊မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်း စာသင် ကျောင်းအသီးသီး၌ စတင်ဖွင့်လှစ်ရာကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူလျက် ရှိကြောင်းသိရသည်။
Jun 05,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းမှ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 05,2025
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပခုက္ကူခရိုင်အဆင့် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်သင်ကြားသည်။
Jun 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၉:၀၀)နာရီအချိန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 04,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံ၊ မိုးစပါးစိုက်ပျိုးမည့် တောင်သူများ မျိုးကောင်း မျိုးသန့်သုံးစွဲနိုင်ရေး၊ မြေဆီဩဇာထက်သန်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရန်အတွက် မိုးသီးနှံ၊ မိုးစပါး စိုက်ပျိုးမည့်တောင်သူများအား တောင်သူစိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က‌ ကျောင်ပန်းကုန်းကျေးရွာအုပ်စု၊ ထ‌‌နောင်းကုန်းကျေးရွာ၌ ​ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။