ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

 

ဒဂုံမြောက်   မေ   ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊   ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့နှင့် အမတ်(၃၀)ယာဉ်ထိန်းတပ်ဖွဲ့စုတို့မှ လူကုန်ကူးမှုအသိပညာပေး မှုခင်းကျဆင်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁၆)ပ်ကွက်၊ အောင်ရတနာလမ်း၊ ကိုးနဝင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စခန်းမှူးဒုရဲမှူးညီညီဌေးမှ လူကုန်ကူးမှု တားဆီးကာကွယ်‌ရေး၊ လူကုန်ကူးမှုဖြစ်‌ပေါ်လာပုံ၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတွင် ဖြစ်ပွားတတ်‌သော လူကုန်ကူးမှုအမျိုးအစားများ၊ ဆိုးကျိုးများ၊ မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်‌ ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား အသိပညာပေးဟောပြောခြင်း၊  အမှတ်(၃၀ ) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး ဇော်ဝင်းမိုးက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ပြစ်မှုပြစ်ဒဏ်များကို ရပ်ကွက်အတွင်းရှိ ပြည်သူများအား အသိပညာပေးဟောပြောခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ဝေသော မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးလက်ကမ်းစာစောင်များနှင့် အွန်လိုင်းလိမ်လည်မှု အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ