ဟုမ္မလင်း မေလ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆောင်ကျင်းပသည့် ဟုမ္မလင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးတစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အနန္တရာယိကမ္မဝါစာနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျယ်ချီး မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နာမေတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ရတနာမြတ်သုံးပါးအား ရှိခိုးကန်တော့ကာ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည် ခဲ့သည်။
ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က သံဃာတော်အရှင်မြတ်တို့ထံ ပရိတ်ရေ၊ ပရိတ်ပန်း၊ အလှူဖွယ်ဝတ္ထုများ ဆက်ကပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဟုမ္မလင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးတစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သံဃာတော်အရှင်မြတ်(၂၃)ပါးတို့က ပရိတ်တရားတော်များနှင့် အနန္တရာယိ ကမ္မဝါစာ ပရိတ်တရားတော်များရွတ်ဖတ်သရဇ္စျယ်ခဲ့ပြီး ပြုပြုသမျှကုသလ၏ အဖို့ဘာဂကို ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ဟုမ္မလင်း( ပြန်/ဆက်)