နယ်ရုံးများ၏သတင်းများ

May 15,2026
ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောင်းသူ/ ကျောင်းသားလူငယ်များကို မီးဘေးနှင့် သဘာဝဘေးအန္တရာယ် သိရှိစေရန်ရည်ရွယ်၍ မီးဘေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းကို ယ‌မန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆောင်ရွက်ခဲ့သည်။
May 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က နွေရာသီအခြေခံပန်းချီရေးဆွဲ နည်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
May 14,2026
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
May 12,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လွိုင်ပေါ်ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
May 12,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊လူရွယ်များအား ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
May 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ‌မေလ (၉) ရက်နေ့ နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 06,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံတာကျေးရွာအုပ်စု၊ ကျုံဖဲကျေးရွာတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သော ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်ရရှိစေရန်နှင့် မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးတက်ရရှိပြီး အသေးစား၊ အငယ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို မေလ (၅) ရက်နေ့ နံနက် (၉) နာရီအချိန်က အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
May 02,2026
ကျောက်တန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ တောင်သူများ စပါးသီးနှံခေါင်နှံဖြင့် မျိုးသန့်ပွားများဆိုင်ရာ နည်းပညာဆွေးနွေးခြင်းနှင့် ကွင်းလက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းတို့ကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု၌ ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။