နယ်ရုံးများ၏သတင်းများ

May 02,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 02,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိပှု ပါမောက္ခ ဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယနေ့နံနက်ပိုင်းက ရဟန်းရှင်/လူ လူနာ(၂၅၀)ဦးအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
May 02,2026
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် နှစ် နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်လုပ်ငန်းများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
May 02,2026
မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အသစ်ထပ်မံဆောင်ရွက်နေသည့် ဆိုလာရေတင်စီမံကိန်းသစ်များ ဆောင်ရွက်နေမှုအခြေအနေများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
May 02,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့တို့တွင် လေပြင်း‌တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော လူနေအိမ်များမှ အိမ်ထောင်စုများအား ထောက်ပံ့ စရိတ်ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
May 02,2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့‌နယ်တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့‌နေ့ကို ကြိုဆိုသောအားဖြင့် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် ရေလှူဒါန်း‌ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် မီးသတ်ရုံး ရှေ့နှင့် မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။