နယ်ရုံးများ၏သတင်းများ

Apr 24,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ၊ YAR-14 နွေစပါး မျိုးသန့်စံပြစိုတ်ကွတ်၌ ယမန်နေ့နံနတ် ၉ နာရီခွဲက မြေသြဇာကြဲပတ်ပွဲ ကျင်းပပြုလုပ်သည်။
Mar 28,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ Youth Club နှင့်ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပခဲ့ကြောင်း သိရသည်။
Mar 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က အလယ်တန်းအဆင့်အင်္ဂလိပ်စာ (Grammar) သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့​​​​​​ကြောင်း သိရသည်။
Mar 26,2025
မွန်ပြည်နယ် ၂၀၂၅ ခုနှစ်၊ ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်၍ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်၊ အဘယ သုတာရာမစာသင်တိုက်၏ ဦးစီးပဓာနနာယက (ဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသာသန အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
Mar 25,2025
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာရေးစာရာများ၊ Book Club အသင်း၊ Youth Club အသင်း၊ နှင့်စာပေချစ်မြတ်နိုးသူများတို့ပူးပေါင်း၍ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန ၌ ကျင်းပသည်။
Mar 25,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ပေါ်ရပ်ကွက်များအတွင်း လူစည်ကားရာနေရာများ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက နှစ်(၈၀)ပြည့် တပ်မတော် နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများအား အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။