နယ်ရုံးများ၏သတင်းများ

Mar 25,2025
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာရေးစာရာများ၊ Book Club အသင်း၊ Youth Club အသင်း၊ နှင့်စာပေချစ်မြတ်နိုးသူများတို့ပူးပေါင်း၍ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန ၌ ကျင်းပသည်။
Mar 25,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ပေါ်ရပ်ကွက်များအတွင်း လူစည်ကားရာနေရာများ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက နှစ်(၈၀)ပြည့် တပ်မတော် နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများအား အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 25,2025
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် တံတားဦးခရိုင် တံတားဦးမြို့နယ် သဲမောင်းကန်ကျေးရွာအုပ်စု အိမ်မြင့်စံကျေးရွာ “ရွှေအိမ်စံ” စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့ကို ယမန်နေ့မွန်းလွဲ(၂)နာရီက အဆိုပါကျေးရွာ စာကြည့်တိုက်တွင် ကျင်းပကြောင်းသိရသည်။
Mar 25,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကလေးသူငယ်များအား နွေရာသီကျောင်းပိတ်ရက်၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်ကဏ္ဍများတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ယမန်နေ့က ပုံပြောခြင်းနှင့် စာအုပ်/စာစောင်ပြပွဲ ဆောင်ရွက်ခဲ့သည်။
Mar 25,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက် အခြေခံပန်းချီ (အခမဲ့) သင်တန်းဖွင့်ပွဲကို ယနေ့တွင် အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community   Centre  ခန်းမ၌ ကျင်းပသည်။