နယ်ရုံးများ၏သတင်းများ

Aug 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစာင်နှင့် စာအုပ်/စာစောင်ပြပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အ.လ.က လေးမျက်နှာကျောင်းတွင် ပြုလုပ်ခဲ့သည်။
Aug 17,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Aug 17,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသော စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေးဟောပြောပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 17,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူ၊ လူငယ်လူရွယ်များအသိပညာဗဟုသုတရရှိစေရန်၊   တစ်ဦးနှင့် တစ်ဦးအတွေးအခေါ်၊  အယူအဆများဖလှယ်တတ်စေရန်၊ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ထောက်ရှာတန်းကျေးရွာအုပ်စု၊ ထောက်ရှာတန်းကျေးရွာ  အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌  လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရေး၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Aug 17,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအနေဖြင့် စာအုပ်စာပေများဖတ်ရှုလေ့လာ၍ အသိပညာဗဟုသုတတိုးပွားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကလော့ခနိုင်း(အ.မ.က)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ဆောင်ရွက်ခဲ့သည်။
Aug 17,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာ‌ပေချစ်မြတ်နိုးသူအသင်းများပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ (၂) နာရီက စာရေးဆရာအောင်ကိုဦး (UMK) ရေးသားသည့် "လူငယ်တွေကိုလမ်းဖွင့်ပေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
Aug 16,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.မ.က (လွန်) ရွာသစ်လေးကျောင်းတွင် ကျင်းပခဲ့သည်။