နယ်ရုံးများ၏သတင်းများ

Jun 14,2023
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ​ကြိမ်ချောင်းကျေးရွာ၊ အလင်းပြစာကြည့်တိုက်သို့ သွားရောက်ကွင်ဆင်း ဆောင်ရွက်ခဲ့ပါသည်။
Jun 14,2023
မ‌ကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ ခ.လ.ရ ၈၈ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယမန်နေ့ နံနက် ၉ နာရီ အချိန်က မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ အလယ်တန်း ကျောင်းသား၊ ကျောင်းသူလေးများအား ကွင်းဆင်း၍ အသိပညာပေး ဟောပြောခဲ့သည်။
Jun 14,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇွန် ၁၃ ရက် နံနက် ၉ နာရီခွဲက ရမည်းသင်းမြို့၊ အမှတ်(၅) မြို့မအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 14,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “မူးယစ်ဆေးဝါးအန္တရာယ်” အသိပညာပေး (Talk Show)ကို ယနေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 14,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆ )ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။