နယ်ရုံးများ၏သတင်းများ

Jun 15,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေကူမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးများ ထဲက မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာပေး Talk Show ကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jun 15,2023
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းကာ တိုင်းရင်းဆေးပညာနှင့် ရာသီတုပ်ကွေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ကျင်းပခဲ့သည်။
Jun 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်း ကျေးရွာရှိ ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ကျောင်းတွင် အနာဂတ်လူငယ်လူရွယ်များ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်က အဆိုပါကျောင်း၌ကျင်းပခဲ့ကြောင်း သိရသည်။
Jun 15,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့နံနက်(၉)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်း ခန်းမ၌ ကျင်းပခဲ့သည်။
Jun 15,2023
ကျောင်းသူကျောင်းသားများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရေးရည်ရွယ်၍ ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့ညနေ ၃း၃၀ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​​ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Jun 15,2023
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် အသေးစား အငယ်စား အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၂:၀၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။