May 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ပြည်သူများစာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် စာဖတ်ဝါသနာရှင်များ စာပေကိုလွယ်လင့်တကူ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့် စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ဌားရမ်း ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ စာအုပ်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။