နယ်ရုံးများ၏သတင်းများ

Jun 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ၂၀၂၃ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို (Talk Show) ကို ယ‌မန်နေ့ နေ့လယ်(၁:၃၀)နာရီ အချိန်က ကျင်းပခဲ့သည်။
Jun 15,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေများကိုတန်ဖိုးထား ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို သိရှိနားလည်စေရန် ရည်ရွယ်ပြီး မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့ မွန်းတည့်(၁၂)နာရီက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
Jun 15,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Libraryစနစ်ဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကုန်တင် ကုန်ချရုံးသို့ သွားရောက်၍ သုတ/ရသ စာအုပ် စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Jun 15,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.လ.က (ခွဲ) စျေးကျောင်းနှင့် မွန်းလွဲပိုင်းအချိန်က အ.လ.က (ခွဲ) ကြက်သွန်ခင်း (၂) ကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jun 15,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်(၂) နာရီအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jun 15,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ အောင်ကိုဦး (UMK) ရေးသားသည့် လူငယ်တွေကို လမ်းဖွင့်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
Jun 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အလယ်တန်းဆင့် ကျောင်းသား/ကျောင်းသူများ စာစီစာကုံးပြိုင်ပွဲကျင်းပပေးနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်၉နာရီခွဲက ကျင်းပခဲ့ကြသည်။