နယ်ရုံးများ၏သတင်းများ

Aug 31,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေဖို့ မိမိတို့ဝါသနာပါရာ အားကစားနည်းများဖြင့် ကိုယ်လက်လှုပ်ရှားကစားသည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ဟောပြောသည့် အားကစားအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာ အထက်တန်းကျောင်း၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Aug 31,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ သစ္စာခန်းမ၌ ကျင်းပသည်။
Aug 31,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဩဂုတ်လ (၂၉) ရက်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 31,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံတူပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။
Aug 31,2023
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်(၁၀)နာရီက ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 31,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အထက(၁) ကျောင်း၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁) နာရီက အဆိုပါကျောင်း ဧရာဝတီခန်းမတွင် ပြုလုပ်ခဲ့သည်။
Aug 30,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး ရင်သွေးငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်ဓာတ်၊ စည်းကမ်း ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကျောင်းနေပျော်၍ပညာတော်စေရန်အတွက် ယနေ့ညနေ(၃)နာရီက လူထုအခြေပြုဗဟိုဌာနတွင် ပုံပြော၊ ကဗျာရွတ် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 30,2023
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်တိုးတက်လာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ပုလောမြို့နယ် Community Centre ၌ ကျင်းပ ပြုလုပ်ခဲ့သည်။