ဆီဆိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဆီဆိုင် ဩဂုတ် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း    (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဩဂုတ်လ (၂၉) ရက်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဒေါက်တာ ခင်မောင်ရေးသားသော “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ပါ အခန်းကဏ္ဍအလိုက် လူငယ်နှင့် အမှား၊ လူငယ်နှင့် အောင်မြင်ခြင်း၊ လူငယ်နှင့် တာဝန်သိမှု၊  လူငယ်နှင့် လူမှုရေးအတွေးများ၊  လူငယ်နှင့် ဒဿန စသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသည့် (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များက အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)