နယ်ရုံးများ၏သတင်းများ

Jul 21,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးခန်းတွင်  ကျောင်းသား/သူ လူငယ်လေးများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် လူငယ်အသင်း (Youth Club) တို့ပူးပေါင်း၍ ယမန်နေ့ နေ့လယ် ၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ အောင်သင်း၏ “အားနေသောလက်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ် ခဲ့ကြောင်း သိရသည်။
Jul 21,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်ဆုပေးပွဲကို ယမန်နေ့ ညနေ (၃) နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jul 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ မော်လိုက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကကြီးမှူးကျင်းပသောပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပြန်/ဆက်ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jul 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူပေါင်း၍ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာအကြောင်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲအား ယနေ့‌နံနက်(၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jul 20,2023
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ (၂)နာရီအချိန် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ "အာဇာနည်နေ့အကြောင်း သိကောင်းစရာ" အသိပညာပေး Talk Show ပြုလုပ်ခဲ့သည်။
Jul 20,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း အစည်းအဝေးခန်းမတွင် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။