တပ်ကုန်း ဩဂုတ် ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေဖို့ မိမိတို့ဝါသနာပါရာ အားကစားနည်းများဖြင့် ကိုယ်လက်လှုပ်ရှားကစားသည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ဟောပြောသည့် အားကစားအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာ အထက်တန်းကျောင်း၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် မကျီးပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၂၅၀ ဦး တက်ရောက်ခဲ့ပြီး၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က “လူငယ်နှင့်ရည်မှန်ချက်” ခေါင်းစဉ်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်လင်းထွန်းက “လူငယ်နှင့်အားကစား” ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ပြီးနောက် ဦးစီးအရာရှိ ဦးကျော်လင်းထွန်း က ကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်