နယ်ရုံးများ၏သတင်းများ

Jul 21,2023
ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် ရုံး၊ ဌာနများသို့
Jul 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ အခြေခံပညာမူလတန်း (တာကွန်) ကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာများအပြင် ပြင်ပဗဟုသုတ အသိပညာများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်း (၁၀)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 21,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူငယ်များအသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် လစဉ်စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော ရိုးရိုးကျင့်မြင့်မြင့်ကြံ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Jul 21,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(မိုင်းကိုး)တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Jul 21,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် သစ်တောဦးစီးဌာနရုံးများသို့ သွားရောက်ငှားရမ်းပေးသည်။
Jul 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာ ကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဥ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲအချိန်က ကုန်းလုံ အခြေခံပညာမူလတန်းကျောင်းသို့ စာအုပ်/စာစောင်များ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။