နယ်ရုံးများ၏သတင်းများ

Jul 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၉)နာရီခွဲက မိုင်းစံမြို့ အ.ထ.က ကျောင်းသို့ ငှားရမ်းပေးလျက်ရှိသည်။
Jul 27,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာများ၊ (Book Club) အဖွဲ့ဝင်များနှင့် စာရေးဆရာမ ခင်စောတင့်ရေးသားသော စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 27,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက်တွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 27,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre–Lashio) သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်သည် ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jul 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဇူလိုင်လ (၂၆) ရက်နေ့ နေ့လယ် (၂) နာရီအချိန်က ဝန်ထမ်းများအား Zoom Application Accountဖောက်နည်းနှင့်အသုံးပြုနည်းသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Jul 26,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးနှင့်လေးကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jul 26,2023
ရခိုင်ပြည်နယ် မောင်တောခရိုင်၊ မောင်တောမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ယမန်နေ့နံနက်ပိုင်းက  မောင်တောခရိုင်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးရှိ ၀န်ထမ်းများနှင့် တွေ့ဆုံကာ ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာ၀န်များကို ကျေပွန်အောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် ဦးစီးဌာန၏​ မျှော်မှန်းချက်၊ ရည်မှန်းချက်များ ပြည့်မှီ အောင်ဆောင်ရွက်စေရေး အတွက် လမ်းညွန်မှာကြားခဲ့ပြီး ဌာနရုံးအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။
Jul 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ် လူရွယ်များ အသိပညာ တိုးပွားစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးထက်မြတ်စေရန်၊ တီထွင်ဖန်တီးတက်စေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ယမန်နေ့ညနေ (၃)နာရီအချိန်က ကျင်းပပြုလုပ်လျက်ရှိရာ စာကြည့်တိုက်သို့ စာအုပ်စာ‌စောင်များ လာရောက်ဖတ်ရှုငှားရမ်းကြ‌သော ကျောင်းသား/သူလေးများအား အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။