နယ်ရုံးများ၏သတင်းများ

Aug 18,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာရေးဆရာမ မြကြာငုံရေးသားသည့် ဆည်းလည်းသံနှင့် ရသစုံ ဝတ္ထုများစာအုပ်ဖြင့် Book Club အဖွဲ့ဝင်များက ဩဂုတ် (၁၆) ရက် နေ့လယ် (၁၁) နာရီခွဲတွင် စာဖတ်ဝိုင်းကျင်းပသည်။
Aug 17,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပင်လယ်သမုဒ္ဒရာလှပဖို့ အဏ္ဏဝါစွန့်ပစ်ပစ္စည်းလျှော့ချစို့ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
Aug 17,2023
ရာသီဉတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံတွင် အချိန်အခါအားလျော်စွာ ရေကြီးခြင်း၊ မီးလောင်ခြင်း၊ မုန်တိုင်းများ၊ ဆိုင်ကလုန်းများနှင့် မိုးခေါင်မှုများ ဖြစ်ပေါ်လျက်ရှိရာ သဘာဝဘေးကျရောက်လာပါက သိရှိလိုက်နာရမည့်  အသိပညာပေးအကြောင်းအရာများကို  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန   ရုံးရှေ့နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်းသိရသည်။
Aug 17,2023
ကယားပြည်နယ်အစိုးရအဖွဲ့မှ မယ်စဲ့ခရိုင်၊ မြို့နယ်မှ လွိုင်ကော်မြို့သို့ ယာယီတိုက်ပွဲရှောင် ရောက်ရှိလာပြီး တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ထောက်ပံ့ ချီးမြှင့်ငွေနှင့် ဆန်၊ဆီ၊ဆား၊ပဲ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
Aug 17,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက မုံရွာပညာရေးဒီဂရီကောလိပ် ပဉ္စဗလဘက်စုံခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာ/ဆရာမများ၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Aug 17,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ၂၀၂၃-ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Aug 17,2023
(၃၁)ကြိမ်မြောက် တောင်ကြီးတက္ကသိုလ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ပြပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။