လဲချား စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလတန်း(ဟိုနောင်အွမ်)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာမူလတန်းကျောင်း(ဟိုနောင်အွမ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်မွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဒုတိယဦးစီးမှူး) ဒေါ်ဟေမွန်ဦးမှ အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ဥာဏ်ရည်၊ ဥာဏ်သွေးတိုးတက်မြင့်မားလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ လူငယ်နှင့်မူးယစ်ဆေးအန္တရာယ်အကြောင်း၊ (စာကြည့်တိုက်လက်ထောက်-၃) ဒေါ်ပိုပိုအောင်မှ ကျောင်းသား/သူများ ကျောင်းပညာရေးတွင်သာမက ဘက်စုံထူးချွန်သော ကျောင်းသား/သူများ ဖြစ်ထွန်းလာစေရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာအုပ်၊ စာစောင်များကို ဖတ်ရှု့လေ့လာသင့်သည်ဟု အသိပညာပေး ဟောပြောခဲ့သည်။
ယင်းနောက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း၊ သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ်၊ ပြန်/ဆက်)