ကွန်ဟိန်းမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ကွန်ဟိန်း စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဉပဒရုံးတို့ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက လူကုန်ကူးမှုလျော့နည်းပပျောက်စေရေးနှင့် ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ယခုကဲ့သို့ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြား သည်။

ဆက်လက်၍ မြို့နယ်ဉပဒေဦးစီးဌာန၊ မြို့နယ်ဉပဒေအရာရှိ ဦးဇင်ကိုမင်းက “လူကုန်ကူးမှု ဆိုတာဘာလဲ”၊ လူကုန်ကူးမှုရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်၊ လူကုန်ကူးမှုဖြစ်ပွားရခြင်း အကြောင်းတရားများ၊ လူကုန်ကူးသူအသုံးပြုသည့်နည်းလမ်း၊ လူကုန်ကူးမှုကျူးလွန်သူကိုအရေးယူနိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများအကြောင်းကို အကျယ်တဝင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)