ကွတ်ခိုင် စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် ယနေ့ နံနက် (၁၀) နာရီအချိန်တွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်၊စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို စာပေနှင့်မဝေးကွာလိုစေရန်၊ အချိန်မကုန် မပင်ပန်းစေဘဲ အဆင်ပြေပြေ ငှားရမ်းနိုင်ရေးနှင့် စာပေလေ့လာနိုင်ရေးတို့အတွက် Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့အရောက် စာအုပ် စာစောင်များကို သွားရောက် ငှားရမ်းပေးခြင်းဖြစ်သည်။
ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသ စာအုပ်စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ် (၁) ပတ်လျှင် တစ်ကြိမ် ပြန်လည်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)