ကျိုက်ထိုမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းပြုလုပ်

ကျိုက်ထို စက်တင်ဘာ ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်‌ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က ကျိုက်ထိုမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ စာပေချစ်သူများအသင်း (Book Club) အဖွဲ့ဝင် ဦးတင်‌ထွေးမှ အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ဗလငါးတန်နှင့်ပြည့်စုံရန်၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများ ဖြစ်စေရန်ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် နိုင်ငံ့သားကောင်း လူငယ်များဖြစ်လာရေး၊ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိကအစီစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး မြို့နယ်အားကစားမှူး ဦးရန်နိုင်အောင်၊ အ.ထ.က(၂)ကျောင်းမှ မောင်စစ်နိုင်ဦး၊ မထူးမြတ်ဧကရီ၊ မသင်းပြည့်ပြည့်အေးတို့မှ လူငယ်နှင့်အားကစား” “အောင်မြင်မှုအတွက်ဘဝဟန်ချက်ယနေ့ခေတ်လူငယ်တွေသိနေတဲ့ယဉ်ကျေးမှု၊ “လူငယ်နှင့်အချိန်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့် ‌မျှဝေဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူများနှင့် စာ‌ပေချစ်သူများ အသင်း အဖွဲ့ဝင်များတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး အ.ထ.က(၂) ကျောင်းအုပ်ဆရာကြီး ဦးဝင်းထွဋ်အောင်က လူငယ်စကားဝိုင်း လာရောက်ပြုလုပ်ပေးရခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြော‌ကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)