မိုင်းတုံမြို့ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းနှင့် စာအုပ်/စာ‌စောင်ပြပွဲ ဆောင်ရွက်

မိုင်းတုံ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ (Community Centre)ခန်းမတွင် စာရေးဆရာ‌ ချစ်နိုင် (စိတ်ပညာ)၏  "ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု" စာအုပ်ကို ယနေ့  နေ့လယ်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Young Club)အဖွဲ့ဝင် မနန်းခမ်းအိမ်က ဦးဆောင်၍  လူငယ်တွေသည် တစ်‌နေ့ခေါင်းဆောင်ကောင်းဖြစ်လာရန်သည် အရေးပါသောအရာဖြစ်ကြောင်းနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြီး‌နောက် ယခုစာအုပ်သည် လူငယ်အများစု လေ့လာဖတ်ရူ့သင့်သော ပညာရ‌စေသောစာအုပ်‌ဖြစ်‌ကြောင်း အကြံပြုခဲ့သည်။ ဆက်လက်၍ ကျန်(Young  Club))အဖွဲ့ဝင်များက စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၏ "ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု" စာအုပ်ကို အပြန်အလှန်‌ဆွေးနွေးပေးခဲ့ပြီး‌နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်/စာစောင်များ ပြသရာ တက်ရောက်လာသူများက လေ့လာကြည့်ရူ့ခဲ့ကြကြောင်း သိရှိရသည်။

မျိုးကျော်စိုး(မိုင်းတုံ၊ ပြန်/ဆက်)