မူဆယ် စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂:၃၀) နာရီအချိန်က စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မူဆယ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမကြီး ခင်စောတင့်၏ “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်မှ အကြောင်းအရာများအနက် “လမ်းလျှောက်ထွက်ကြမယ်”၊ “ဘာကြောင့် မေ့တာလဲ”၊ “အချိန်အခါကို သိပါ”၊ “စကားပြောဖို့ ခလုတ်နှိပ်ပါ”၊ “ဒါနောက်စရာလား”၊ “စွန့်စားမှုဆီသို့ ခြေတစ်လှမ်း” စသည့်အကြောင်းအရာများကို တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများက ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ခရိုင်မှူးနှင့် မိမိတို့၏ တွေးတောထင်မြင်ယူဆချက်တို့ကိုလည်း အပြန်အလှန် ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယင်းအပြင် မူဆယ်ခရိုင်၊ ပြည်သူ့စာကြည့်တိုက်ရှိ စုံလင်စွာ ဖတ်ရှုနိုင်သော သုတ/ရသစာအုပ်များကိုလည်း အခမဲ့ လာရောက် ကြည့်ရှုငှားားရမ်းဖတ်ရှုနိုင်ကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)