နယ်ရုံးများ၏သတင်းများ

Feb 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် ၈ တန်းနှင့် ၄ တန်း နှစ်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၉၇၆ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။
Feb 24,2020
မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း(ဗဟို)၏ အစီအစဉ်ဖြင့် ချင်းပြည်နယ်အတွင်း စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဟားခါးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
Feb 24,2020
တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အရှင်သိရိန္ဒာဘိဝံသ ယောဆရာတော်၏ ဓမ္မသဘင်ကို ယမန်နေ့ ည ၇ နာရီအချိန်တွင် သာသနာ့ဗိမာန်တော်၌ ဆင်ယင်ကျင်းပသည်။
Feb 24,2020
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ် မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များမှ မြို့မစည်ပင်သာယာဈေးကြီးအတွင်း ဈေးမီးဘေးလုံခြုံရေးအတွက် ဈေးဆိုင်ခန်းများအား လိုက်လံစစ်ဆေးခြင်း၊ ရေရရှိရေးဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ မီးဘေး စိုးရိမ်ရသောပစ္စည်းများ သိုလှောင်ထားခြင်း ရှိ/မရှိ မီးငြိမ်းသတ်ရေးပစ္စည်းများ ပြည့်စုံ လုံလောက်စွာထားရှိခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး၍ မီးသတ်ဆေးဗူးများဖြင့် ကိုယ်တိုင် ငြိမ်းသတ်၊ ယာဉ်စက်ကိရိယာများဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီတွင် ဆောင်ရွက်ခဲ့သည်။
Feb 24,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံဖြိုး တိုးတက်ရေးအတွက် ဆက်သွယ်မူလွယ်ကူစေရန် ခရမ်းမြို့နှင့် ဆက်သွယ်မည့် လမ်းကွန်ကရစ် ခင်းကျင်းနေမူများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ​ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Feb 24,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီအချိန်က မြို့နယ်ပြည်သူ့ အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
Feb 24,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ​စော​မြောက်ရပ်ကွက်၊ ဆင်စွယ်လမ်း ကတ္တရာလမ်း သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင် အဆိုပါလမ်းတွင် ကျင်းပပြုလုပ်​ကြောင်းသိရသည်။