နယ်ရုံးများ၏သတင်းများ

Feb 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၊ ခေမရဌ်ခန်းမ၌ ဧကဒသမအကြိမ် ဘွဲနှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
Feb 24,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာရေး ဆရာ ပါရဂူ၏ "ရေစီးကြောင်း" စာအုပ်ဖြင့် စာပေမြတ်နိုးသူများအဖွဲ့နှင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။
Feb 24,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း(ခန္တီး)တို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်နည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ခရိုင်ကျေးလက်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 24,2020
၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မုဒုံမြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် ဆရာဝန် များအသင်းတို့မှ ပူးပေါင်း၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ယနေ့ နံနက် ၉ နာရီက မုဒုံမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ပြုလုပ်သည်။
Feb 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Book Club စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် Youth Club လူငယ်အသင်းတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက မူကြိုအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ နှင့် သီချင်းဆိုပြိုင်ပွဲကို Community Centre ခန်းမတွင် ကျင်းပသည်။
Feb 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် တောမီးများ၊ တောင်ယာမီးများရှို့ခြင်းကြောင့် ဒေသတွင်းမီးခိုးမြူငွေကင်စင်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဆွပ်ပန်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် မွန်းလွှဲ ၁ နာရီက ဆိုက်ခေါင်ကျေးရွာ စာသင်ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ကျားကာကျေးရွာအုပ်စု၊ ကုလကျေးရွာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်များပူးပေါင်းပြီး ဖေဖော်ဝါရီ (၂၅) ရက် နံနက် (၉) နာရီတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Feb 24,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အ.ထ.က(၄)ကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ကျောင်းမှ ကျောင်းသား/သူများ၏ ထောက်ပံ့မှုဖြင့် မေတ္တာဆေးခန်း ဖွင့်လှစ်ပြီး အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ဆေးကုသပေးခဲ့ကြောင်းသတင်းရရှိသည်။